Myanmar Scholar

Scholarships and Educational Informations for Myanmar

Certificate in English [General English Course]

February 21st, 2008 · No Comments
Announcement




၁။ သုံးလုံးဟူသည် မဖြစ်မနေ ကျွမ်းကျင်ပိုင်နိုင်စွာ ကျေကျေညက်ညက် တတ်မြောက်ထားရမည့် skills များ ဖြစ်ပါသည်။ ယခင်က အရေး၊ အဖတ်၊ အတွက်ဟူသော ‘အ’သုံးလုံးနေရာတွင် ယခု အင်္ဂလိပ်စာ၊ အင်တာနက်၊ အိုင်တီ ဟူသော ခေတ်သစ်‘အ’သုံးလုံးက အစားထိုးဝင်ရောက်လာချိန်တွင် မြန်မာ့လူသားရင်းမြစ်ကြီးအနေဖြင့် ထိုသို့သော ခေတ်သစ်‘အ’သုံးလုံးကျေရန် အထူးပင်အားထုတ်ဖို့ လိုအပ်လာပါတော့သည်။ ခေတ်သစ်သုံးလုံးမျှ မကျေလျှင် ယနေ့ Globalization ခေတ်ကြီးအတွင်း၌ မိမိရပ်တည်ရန် နေရာတစ်ခုစာမျှပင် မသေချာလှပေ။

၂။ အထက်ပါ ခေတ်သစ်‘အ’သုံးလုံးအတွင်းမှ တစ်ခုဖြစ်သော အင်္ဂလိပ်စာဘာသာရပ်နှင့် ပတ်သတ်ပြီး အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Myanmar Egress မှနေ၍ သင်တန်းတစ်ခုကို ဖွင့်လှစ်သွားမည် ဖြစ်သည်။ အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံမှစ၍ လေ့လာသင်ယူလိုသူများအတွက် General English Course အား Native Speaker များမှနေ၍ ခေတ်မှီသင်ယူမူပုံစံများကို အသုံးပြုကာ စနစ်တကျသင်ကြားပို့ချသွားမည်ဖြစ်သည်။ အထက်တန်း၊ တက္ကသိုလ်၊ ဘွဲ့ရကျောင်းသား/ ကျောင်းသူများအတွက် အထူးပင်သင့်လျော်သော သင်တန်းဖြစ်သည်။

၃။ သင်တန်းစမည့်နေ့ ။ ။ ၃-မတ်လ-၂၀၀၈ ( တနင်္လာနေ့ )

သင်တန်းကာလ ။ ။ ( ၃ ) လ၊ ( တနင်္လာ မှ သောကြာ အထိ )

သင်တန်းကြေး ။ ။ တစ်လ ၅၀,၀၀၀ ( ငါးသောင်းကျပ် )

သင်တန်းနေရာ ။ ။ Myanmar Egress၊ Thamada Hotel

၎။(၁) သင်တန်းအချိန်မှာ မနက် ၁၀:၀၀-၁၂:၀၀ အထိ ဖြစ်သည်။

(၂) လုပ်ငန်းခွင်အတွင်းမှ သင်တန်းသားများမှာမူ ရုံးချိန်ပြင်ပ ညနေ ၅:၀၀-:၃၀ သင်တန်းအချိန်တွင် တက်ရောက်နိုင်ပါသည်။

၅။ သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သင်တန်းဝင်ခွင့်လျှောက်လွှာများကို (၁-မတ်လ-၂၀၀၈) နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။ သင်တန်းဝင်ခွင့် လျှောက်လွှာများကို သမ္မတဟိုတယ် ဒုတိယထပ်ရှိ Myanmar Egress ရုံးခန်းတွင် ရယူနိုင်သည်။ www.myanmaregress.org တွင်လည်း Download ပြုလုပ်ရယူနိုင်ပါသည်။

Myanmar Egress Office

2nd floor, Thamada Business Suite, Thamada Hotel, Yangon, Myanmar

Tel: 393421 Email: info@myanmaregress.org

 Tagged: , ,

Create a free edublog to get your own comment avatar (and more!)

0 responses so far ↓

  • There are no comments yet...Kick things off by filling out the form below.

Leave a Comment

*
To prove you're a person (not a spam script), type the security word shown in the picture.
Anti-Spam Image